top of page
Search

သတင်း 289

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 2 min read

ကဲ ကိုယ်မြင်ကိုယ်ထိုး ဘေးမပြောနဲ့။ လေထိုးလေလျော် ငွေထိုးငွေလျော်။ ရတဲ့သူဒွေ ရကုန်ကြဘီ။ လက်ရှောင် ပေါက်ကောင်ဒွေ ဖွင့်နေဘီ။ ၃ လုံးပါ အပြီးပေါက် ကြိုက်မှယူပါ။ ထိပ်စီး၊ခါးလယ်၊နောက်ပိတ်၊လုံးပိုင်၊ဘရိတ် ဒဲ့အပြီးပေါက် တကွက်ထဲပေးမှာ။ ဝမ်းချိန်းမပါ ဆြာကျူးရဲ့ အပီထူးမယ့် တကွက်ကောင်းလာဘီ။ အိမ်တိုင်ချွတ်၊ ခုန်ဆင်း၊ နားကပ်ပေါင်၊ မီးဖိုချောင် ရေသာလောင်းလိုက်ကြတော့။ မီးခိုးတိတ် ရေမီးစုံနဲ့ လေထီးခုန်ရင်း လက်ဖျားငွေသီး အလှူကြီးပေးကြလော့။ ၁-ထိပ်စီး.. ၃-နောက်ပိတ်။ ခါးပိုင်-၄….ဘရိတ်က-၈။ ကဲ…တဆွေလုံး တမျိုးလုံး ***၁၄၃*** သာဝုန်းလိုက်ကြပေတော့။ ငွေအတွက်နဲ့တော့ ပြည်ကနက်မှာ အနေခက်မနေနဲ့။ ဒီနေ့ပေါက်၊ဒီနေ့ယူ ပူမနေနဲ့။ လမ်းစရိတ်ပါ ပေးအုံးမှာ။ တယောက် ၁၅ သိန်း ဆွဲသာသိမ်းလိုက်တော့။ တဦးက စေတနာ..တဦးကမေတ္တာ.. သေတ္တာလိုက်တွေ သယ်လာပေးတော့ အချိုပေါ်သကာလောင်း ကောင်းချက်က ထောင်းချက်ထားတဲ့ အတိုင်း အောင်ကြောင်းတွေဖြာ။ ၁ တပ်ကစ ၂ တပ်၊ ဆက်ဆက်ပြီး ပြိုဆင်း၊ တယောက်ဖနောင့် တယောက်နင်း လိုက်လာကြတော့မတဲ့။ အပိုတွေပြောနေတယ်မထင်လေနဲ့။ ဘိုတုတို့ ငိုသံ ကြားကြတယ်မဟုတ်လား။ ခံစစ်မနိုင်လို့ ခွါစစ်ဆင်တဲ့အခါ ပစ္စည်းတွေ ရသလောက်သယ်တဲ့။ မသယ်နိုင် ဖျက်ဆီးပစ်တဲ့။ မစားရတဲ့အမဲ သဲနဲ့ပက်ရမယ် ဆိုတာ ကြင်စိုးဒပဲ့ မအိမ်လုံးတွေ အကျွမ်းဆုံးဘာသာရပ်ပဲ။ ထူးပြီး ထပ်သင်ပေးစရာမှ မလိုဘဲ။ ခုလို တယ်လီကနေ ခွါစစ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်တွေ အသဲအသန် ထအော်တော့ တ-ပ်ပျက်နေကြောင်း ဟောင်းလောင်းပိုပေါ်။ ကောင်းသားပဲနော်။ အက်ဒီ ခွါစစ်ဆောင်ရန်/ရှောင်ရန်တွေကို အလင်းဝင်သွားတဲ့ ၁၄၃ ရဲဘော်တွေ မသိလို့မှ မဟုတ်ဘဲ။ အထုပ်လေး အထည်လေးပိုက်သွားတော့ မျက်နှာမြင်၊ချစ်ခင် အာရကေလဲရွှင်သလေ။ မျောက်အိုငပိသုတ်ထားတဲ့ရုပ်နဲ့ ဖျင်နဲ့ယီးတန်းလန်းကိုင်ပြီး “ဒီအတိုင်းဘဲ ဆင်းလာဂဲ့မိဒယ်” ဆိုရင် သိပ်မမိုက်ဘူးလေ။ ဦးနှောက်ရှိလို့ ပြည်သူ့ဘက်ပြောင်းသူတွေကို ဒင်းတို့လို လအ မှတ်လို့။ ဟော ပြောရင်းဆိုရင်း ကွမ်းလုံဗျူဟာကုန်းလဲ သိမ်းလိုက်နိုင်ဘီတဲ့။ ၁၄၃ အပြီးပေါက်အတိုင်း ကွမ်းလုံပြည်သူ့စ-စ်တွေက ခရီးရောက်မဆိုက် လ-က်န-က်ချအလင်းဝင် “သဝါး” ပြီတဲ့။ ကျောက်မဲမြို့မရဲစခန်းက ခဝေးဒွေလဲ စိရံတိဋ္ဌိတု ၃ ကြိမ်ရွတ်ပြီး၊ သာသနာ့အလံထောင်၊ စခန်းကိုအလှူပေး ထွက်ပြေး “သဝါး” ကြသတဲ့ကွယ်။ ဒါကြောင့်မို့ “လေးလေးဝါး” ဆိုတဲ့ကောင် ဘုရား၊ ဘုရားလို့ ကြိုပွားနေတာကိုး။ ဘိုတုကို အားမှမကိုးရတော့ လေးလေးဝါးဗျာဒိတ်ပေးသလို ဘုရားကု.. ကုကြတာမဆန်း။ ဘိုတုကတော့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်။ သမ္မတလုပ်ချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်နိုင်။ အချိန် ရသလောက် သမ္မတလိုလို ဘာလိုလို လုပ်နေရရင်ကို ပျော်နေဆဲ။ ခေါလက်ကိုဆွဲ ဆိုကရေးတီးပွဲ တက်လို့တက်။ မဆင်းပြေးခင် အင်းလေး မှာ ရေစက်ခွက်ကိုင်လို့ကိုင်နဲ့ သောက်လုပ်ရှုပ်နေလေရဲ့။ ဘိုတုအဖို့ သမ္မတလုပ်ချင်ရင် တနည်းပဲ ရှိတော့တယ်။ လွှတ်တော်လမ်းကြောင်း ရွေးကောက်ပွဲလမ်းကြောင်းတွေက ခဝေးနဲ့ပချပ်။ မေ့လိုက်Dog! သမ္မတ တကယ်လုပ်ချင်ရင် အကောင်းဆုံးက ခေါဘဏီကို နာမည်ပြောင်းပေးလိုက်တာ လက်တွေ့အဆန်ဆုံးပဲ။ ဒေါ်သမ္မတ....မသမ္မတ... ကြိုက်သလိုသာ‌ပြောင်းခေါ်။ ပြီးရင် စိတ်ကြိုက်သာလုပ်၊ အားရပါးရလုပ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်လေ့လိမ့်။ ကဲ မအိမ်လုံးအကြောင်း ဒလောက်နဲ့ရပ်ပြီး ဒို့ရွာသားတွေအကြောင်း သောင်းပြောင်းထွေလာ ကြားရမြင်ရသလောက် ဖောက်သည်ချမယ်။ တတိယအုပ်စုလိုလို ဘကအုပ်စုလိုလို ကောင်တွေက နုကြည်ဘယ်ပျောက်နေလဲ..... မတိုက်သေးဘူးလား.. မေးမေးနေကြလို့ ဖတ်ရမြင်ရ သိသမျှပြောပျဇီ။ ကီယာမှာ အပီချတဲ့ အောင်ဂျာ-အောင်ပွဲအပါ ကသမျှပွဲ နုကြည်ပီဒက် မပါဘယ်ရှိ.. ပါပါသတဲ့။ တခုတ်တရ စာထုတ်ပြီးတောင် ကီယာက ဂုဏ်ပြုထားသေးမဟုတ်လား။ နောင်ချို၊ ပြူးလွင်တကြော ခုတလော ဟောကနဲဖျောကနဲ တင်နီလာအေးနဲ့ လက်တွဲပြီး ကြွယ်နေတဲ့ မန်းပီဒက်ဆိုတာလဲ နုကြည်စီအိုစီ အောက်က သားကောင်းဇာနည်တွေပဲတဲ့။ ကော့ကရိတ်မှာ ခဝေးတွေကို ချော့သိပ်နေတဲ့ KNLA, KNDO, ဘာ/ညာစစ်ကြောင်းတွေမှာလဲ နုကြည်ပီဒက် မနည်းမနော ပါဝင်ပွဲဆင်လျက် ရှိကြောင်းပါတဲ့။ ဆိုတော့ကာ..... လက်ရှိနွှဲနေသမျှပွဲ နုကြည်ပီဒက်မပါတဲ့ပွဲဆိုတာ မရှိသလောက်လို့ ကြားမိကြောင်းပါ။ အရေးကြီးတဲ့လိုရင်းက ခဝေးနိဂုံး ၂၀၂၃ အကုန်ဝိုင်းဝုန်းကြဖို့ပါဗျား။ Let’s Move Forward Together!!! ကဲ ယနေ့အတွက် စခဝေးဖတ်စာ-၅ နဲ့ ခတ္တနားခွင့်ပြု။ Kyuu Kyuu Loves You Allll. *************************** ဇရပ်ပျက်ကိုလဲ ဖြိုဖျက်မဖြုတ်နဲ့။ တပ်ပျက်ကိုလဲ ဗိုလ်တက်မလုပ်နဲ့။ ဇရပ်ပျက်ကို ဖြိုဖျက်ဖြုတ်တော့ အမှုပွေကာ ပန်းလိမ့်မယ်။ တပ်ပျက်ကို ဗိုလ်တက်လုပ်တော့ ဂျပုေသရွာ မြန်းလိမ့်မယ်။ *************************** ဆို့စ့်-ကျူးလိပေါင် သတင်းစဉ် (တ-ပ်ပျက်ဘိုချုပ် ဂျပုယုတ်၏ တောင်စွယ်နေကွယ်ချိန် ကဏ္ဍ)

 
 

Recent Posts

See All
သတင်း 323

သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...

 
 
သတင်း 322

မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...

 
 
  • Telegram
  • Facebook
bottom of page