top of page
Search

သတင်း 294

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

"ဂွတ်မောနင်း...ရဲဘော်တို့...ခုအားခုရေး၊ ခုတင်လိုက်သဗျား" *************** ဘိုတုက ဂျိမ်းစ်ဘွန်းကား မရိုက်ချင်တော့ပြန်ပုတဲ့။ ဒရာမာသန်သန့် လိုင်းပြောင်းသွားဘီ။ သင်္ဘောဦးမှာ လက်ကားယားခြေကားယားနဲ့ ကမြင်းတဲ့ကားလေ။ တိုက်တိုင်းရှုံး ဆိုလား ဘာဆိုလား။ သင်္ဘောကြီးလဲမြှုပ် မင်းသားလဲ သအေ သဝါး သွားတဲ့ကား။ အက်ကား ထဲက အတိုင်း သဏ္ဍာန်လုပ် သရုပ်တူ။ သွသူ တိုက်တိုင်းရှုံးမင်းသား လိတိုနာတို တဲ့။ ဘယ်ဇာတ်ရုပ်ဖြစ်ဖြစ် အပိုအလိုမရှိ ကွက်စတိကျအောင် သရုပ်ဆောင်နိုင်သူ။ တိုက်တိုင်းရှုံးက သူ့ရဲ့နောက်ဆုံးကား။ နွေပွဲလာပုရိတ်သ-တ်ဒွေ လက်ခုပ်လက်ဝါးတီး ဟီးထအောင် ဝိုင်းအားပေးကြစို့။ ဇာတ်လမ်းဇာတ်အိမ်ကလဲ ဖြစ်ရပ်မှန်ဆိုတော့ ပြောစရာမရှိ။ ဒီမနက်တင် နမ့်ခမ်းရဲစခန်း သိမ်းလိုက်နိုင်တာသာကြည့်။ ကောလင်းရဲစခန်းကို ညနေရ။ ထွေအုပ်ရုံးတခုပဲ ယဲ့ယဲ့ကျန်တော့သတဲ့။ ကောလင်းဆိုတာ ခရိုင်မြို့။ ပေါ့ဆော့ခရော့မြို့မဟုတ်။ ဗျူဟာမြောက်မီးရထားလမ်း စိုးမိုးထားတဲ့မြို့။ ပထမဦးဆုံးသိမ်းနိုင်တဲ့ ခရိုင်မြို့ အဖြစ် နွေဦးသမိုင်းတွင်ကျန်ရစ်မယ့်မြို့။ ငတို့ အာဇာနည်ရဲဘော်တွေ မန်းလေးကတိုက်တလုံးမှာ ပိတ်မိနေတဲ့အချိန် ခဝေးတွေ အပြင်ကနေ အထပ်ထပ်ဝိုင်း၊ လ-က် န-က်ကြီးငယ်နဲ့ မိုက်ရိုင်းခဲ့တဲ့ သတင်းနဲ့ ဓါတ်ပုံတွေ မှတ်မိကြသေးတယ် မဟုတ်လား။ အက်တုံးက ငတို့အားလုံး ကြိမ်မီးအုံးသလို ခံစားခဲ့ကြရတယ်လေ။ အဲဒီခံစားချက်ကို ဒင်းတို့တွေ ကာလဝိပါက်နောက်ပိုးတက် တပြန်တလှည့် ဘဝမကူးခင် ဖီးလ်နေကြလေပြီ။ အောက်ခြေမှာ အခြေအနေဆိုးလို့ အပေါ်မှာရော ကောင်းသလားဆိုတော့ လိတိုနာတို တို့တသိုက် တကောင်နဲ့တကောင် ကိုက်နေကြသတဲ့။ ၁ ရုတ်ဖက်အမြောက်ကျတာ လဘက်ခြောက်မဲပေါက်သတဲ့။ နိုင်ငံတော်အဆင့် ဝှဲချီးကျင်းပတဲ့ပွဲဒွေ လဘက်ခြောက် ပျောက်နေတာလဲ တိုက် ဆိုင်မှု မဟုတ်တန်ရာ။ မနေ့က ရုစကီ-မီရမ္မာ ဂီတပွဲလဲ လဘက်ခြောက်တကောင်ပဲ မတက်။ ကျန်တဲ့လူကုန် တက်။ “ဘယ်ဆီကိုမင်းရောက်နေလဲ.. ဘာတွေကို မင်း လုပ်နေလဲ.. ဘယ်သူနဲ့မင်းရှိနေမလဲ.... …. တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ အမှတ်တမဲ့ မင်းကိုလွမ်းဘာဒယ်.... တွေ့ရင် မှတ်မိအုံးမယ် ထင်ဘာဒယ် ” အက်လယ်။ ဒီပုံ အတိုင်းဆိုး လဘက်ခြောက်တော့ မကြာခင် အလှော်ခံရတော့မယ်ထင်။ ချချ... အချင်းချင်းကိုက်ဒေါ့ ငဒို့သက်သာဒါပေါ့။ မဆိုလဲ တိုက်တိုင်းရှုံး ဇာတ်ပို့ဘွနဲ့ စမုံတုံးမှာဆိုတော့ ထူးမှ မထူးဘဲ။ နောက်ဆုံး ဒီဘူတာပဲ ဆိုက်မှာလေ။ လိတိုနာတို ကတော့ သအေခါနီး အီးတချက်ပေါက်။ အကြံကုန် ဂဠုန်ဆားချက်။ လက်ရုံးတံဆိပ်မြေဩဇာဒွေ အတင်းထုတ်ရောင်းနေ လေရဲ့။ ဘာတံဆိပ်ဖြစ်ဖြစ် ဈေးဆစ်မယ်မထင်နဲ့။ ငဒို့က မြေဩဇာဖြစ် ပြီးရော။ ကြိုက်ပြီးသား....လာ…. ထားးး ဟိုင်း….. ယားးးး။ လာရှိုးမှာလဲ ဒီရက်ပိုင်း ခပ်လှုပ်လှုပ်။ ဘဏ်တွေက အထုတ်ကြိုက်သလောက်တဲ့။ ငွေအသွင်းတော့ လက်မခံ။ Vault ထဲ အပြောင်ရှင်းနေ တဲ့သဘော။ အချိန်မရွေး မြို့ကအသိမ်းခံရနိုင်တာကိုး။ လောက်ကိုင်မှာလဲ ကျားဖြန့်သထိန်းဒွေ တကောင် ယွမ် ၇ သိန်းနဲ့ Fall of Saigon ထဲကလို ကယ်ထုတ်ပေးရင်း ခဝေးဒွေ ခွင်တွေ့နေကြသတဲ့။ ယနေ့တွက် စ-စ်ခဝေးဖတ်စာ-၁၀ ********************* အခုရိုက်ပြီးလဲ အခုမယူနဲ့။ ဂျပုမိုက်ဂျီးလဲ အတုမယူနဲ့။ အခုရိုက် အခုယူရင် ပုံအကောင်းမရ ဖြစ်လိမ့်မယ်။ ဂျပုမိုက် အတူယူရင် အကုန်အလောင်းမလှ ဖြစ်လိမ့်မယ်။ ********************** ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ဒီတချီအကုန်ညီ အပီဝုန်းကြစို့ ကဏ္ဍ)

 
 

Recent Posts

See All
သတင်း 323

သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...

 
 
သတင်း 322

မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...

 
 
  • Telegram
  • Facebook
bottom of page