top of page
Search

သတင်း 304

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

ဒီရက်ပိုင်း တော်လှန်ရေးခရီးယာယီများနေလို့ ဖွဘုတ်ဖက် ‌ခြေဦးမလှည့်နိုင် ဖြစ်နေရပါတယ်။ ဒါပေသိ လိုင်းမိတုံးလေ hot issue ကို မီရာမှတ်တိုင်ကနေ ၀င်ငံလိုက်ပါရစေ။ ပြည်သူသာ အဓိကပါဗျာ။ **************** "MNDAA ၏ ပြောကြားချက်များ" ****************** ၂၀၂၃- နိုဝင်ဘာ ၃/ Voice of Spring "၁၀၂၇ စစ်ဆင်ရေးက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။ မိသားစုအချင်းချင်းကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။ ပြည်သူလူထတရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။ ပြည်သူလူထုတရပ်လုံး စိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ" MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း Source: https://www.facebook.com/thevoiceofspring/posts/675565941343056 People's Spring ဦးစွာ ဒီပြည်သူလူထုရဲ့ ထောက်ခံမှုအပေါ်ကို အထူးကျေးဇူးတင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူလူထုရဲ့ ထောက်ခံမှုရှိမှပဲ အသက်ရှင်နိုင်မယ်။ ပြီးတော့ တိုက်ရည် ခိုက်ရည်လည်း ပိုမို တိုးတက်လာနိုင်တာပေါ့။ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ချထားလို့ရပါတယ်ဗျ။ ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့လည်း ၁၀၂၇ စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်မှာပါတဲ့ ရည်မှန်းချက်ကို ဖော်ဆောင် နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။ ပြည်သူလူထုတစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ။ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း Source: https://www.facebook.com/LuduNwayOo/posts/675972321268230 ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇) ရက်/ MNDAA ၏ အိတ်ဖွင့်ပေးစာမှ ကောက်နုတ်ချက်များ 🔻 မိမိတို့ (MNTJP/MNDAA)သည် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီအားတော်လှန်နေသော လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုများကိုလိုလားသော နိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇ၀တ်ကျူးလွန်နေမှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေမှုများကို ဆက်လက်ပြစ်တင်ရှုတ်ချကြရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ကြရန် နှင့် တရားမျှတစွာဆင်နွှဲနေသော မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို အားပေးထောက်ခံကြရန် လေးနက်စွာဖြင့် တိုက်တွန်းအပ်ပါသည်။ 🔻 စစ်ကောင်စီ၏အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုထံသို့ ပြန်လည် အပ်နှင်းရန် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ဆွဲတင်ရန်နှင့် ပြည်တွင်းစစ်မီးကိုအမြန်ဆုံးချုပ်ငြိမ်းစေရန် တို့အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း မိမိတို့နှင့်အတူ၊ နွေးဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စုစည်းညီညွတ်စွာ ဖြင့် တော်လှန်တိုက်ပွဲဝင်ကြရပါမည်။ 🔻 မဟာမိတ်တပ်ပေါင်းစုတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး မိမိတို့တွင် ရှိသမျှအင်အားများကို တပြိုင်နက်တည်း စုစုစည်းစည်းအသုံးပြုနိုင်ပါက ယခုအချိန်သည် မိမိတို့အဖွဲ့အစည်းအသီးသီး၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် အသီးသီးကို ကျိန်းသေပေါက်အကောင်အထည်ဖော်နိုင်မည့် မဟာအခွင့်အရေးလည်းဖြစ်သည့်အပြင် ပြည်တွင်းစစ် ရပ်တန့်ကာ စစ်မှန်သော နိုင်ငံတော်သစ်ကြီးတစ်ခုကိုလည်း အတူတကွ တည်ဆောက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။

testing image
Post image
 
 

Recent Posts

See All
သတင်း 323

သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...

 
 
သတင်း 322

မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...

 
 
  • Telegram
  • Facebook
bottom of page