top of page
Search

သတင်း 308

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

မင်းငိုင် အတော် စိတ်ပျက်သွားသည်။ ဒုံးပျံ ပုံစံက တောဘုရားပွဲမှာ ကလေးတွေ စီးတဲ့ ချားလုပ်တဲ့ သံဖြူဆရာလက်ထွက် ကမှ သာဦးမယ်။ ဟွာဆောင်း-၅ ဒုံးပျံဆိုပဲ။ ဒုတိယအကြိမ်မြောက် “ခွေးမိန် သောက်ရှက်ကွဲပွဲ” မှာ အာချောင်မိတဲ့ မင်းငိုင်။ ကွီးတာက ဖွပြီလေ။ မင်းတို့မြို့တွေကို ငတို့ ဖျက်ဆီးမှာ၊ ငတို့မှာ Hand Black အဆန်းတွေ ရှိတယ် ဆိုပြီး မင်းငိုင် ဖွာခဲ့မိတယ်။ ဒါကလည်း ကကနက် က ငနဲတွေပေးလိုက်တဲ့ ဒေတာ။ မင်းငိုင် က အဖားကောင်းလို့သာ ဒု-ဗခက ဖြစ်လာဘေမက် အဆံချောင်မန်း။ ဖွာတုန်းက ဖွာခဲ့ပြီး မင့်တို့ အဆန်းတွေက ဘာလဲ ဘာညာ မေးလိုက်တော့ ထုတ်ပြလာတာ ဟွာဆောင်း-၅ တဲ့။ ၁၉၉၀ ပင်လယ်ကွေ့ စစ်ပွဲမှာ ဟော့ထ် ခဲ့ဖူးတဲ့ စကတ်ထဲကဒုံးပျံ ဆိုသဟာရဲ့ ကော်ပီ ဗားရှင်း။ ငရွှေ လျှမ်းလျှမ်းတောက် စဉ်က ငမန်း တို့ တအုပ် ရွှေအိုးစည်ပါပါးဆီ မှာ တကူးတကန့် သွားဝယ်ခဲ့တာ။ မြောက်ကကြီးကလဲ ငတ်နေတော့ ဂိုဒေါင်ထဲမှာထား၊ ဖုန်တင်တာပဲ အဖတ်တင်တဲ့ ဒီ ဟွာဆောင်း-၅ ဆိုတာတွေကို မြန်မာက ဆန်နဲ့ လဲခဲ့တာပေါ့။ ၃ လုံး ၁ လုံးတော့ အင်ဂျင်အောင်တယ် ဆိုပဲ။ အက်ကောင်တွေကို ရုရှပြန်ဘိုစုတ် တွေက ဖြတ်ညှပ်ကပ်ပြီး မိတ်အင် ဘားမား ပြန်ထုတ်တယ်လေ။ နှစ်စဉ် မတ်လ-၂၇ သူတောင်းစား ညီလာခံမှာ ထုတ်ပြစရာ တခုပေါ့။ အင်ဂျင်အောင်တဲ့ တလုံး အနမ့်ပါ ကို ထုပစ်လိုက်သေးတယ်။ unguided missile မို့ ပစ်တခြား ထိတခြားပါပဲ။ မြို့တွေကိုတော့ ပစ်မလွဲမို့ ဒင်းတို့လို မြို့ဖျက် အာမီ အတွက် အသုံးကျ‌သေးတယ်လို့ ဆိုနိုင်တယ်။ နောက်တခါ ကကနက်က ငနဲ တကောင်က လေယာဉ်ပျံ ပိစိညှောက်တောက်တခု ထုတ်ပြတယ်။ အာရဗီ စာတွေနဲ့မို့ ဝီဝီ တို့လို့ မဘသ တွေနဲ့ ငြိနိုင်ပေမယ့် မဘသ တွေလည်း အသက်လုပြေးနေရတာမို့ အီးမပေါက်နိုင်တော့ပါဘူးလေလို့ မင်းငိုင် ဖြေသိမ့်လိုက်တယ်။ အဲ့ကောင်လေးက ရှာဟတ် တဲ့။ ပါရှန်း မိတ်။ ကာမီကာဇေ ဒရုမ်းတဲ့။ ပစ်ရင် သူပါ ပေါက်ကွဲပြီး ပလုံရောတဲ့။ ကွန်တိန်နာ ၃ စင်းစာ ဝယ်ထားသတဲ့။ ထားပါ လွန်ရော ကျွံရော ၁၀ စင်းပေါ့။ ဘယ်ကို ပစ်မလဲ ဆိုတော့ ပျောက်ကျားစ-စ်မို့ တားဂတ် အသေမရှိဘူးတဲ့။ ဒါကြောင့် ဖှောရှော ရမ်းပစ်ပြမယ်တဲ့လေ။ မိန်းက ဘားဂျက် ဘတ်ဖို့ဆိုပဲ။ အံ့ဘ။ ဒါတောင် အီရန်က ဒေါ်လာပဲ လက်ခံလို့ ရုရှားဆီကနေ ပါတ်ဝယ်ရသတဲ့။ ရုရှက ယူကရိန်း စ-စ် ကိုတာထဲကနေ တိုလျှိုပြီး ရောင်းရတာ။ တပုံဝင်စားသေးတဲ့ သဘောပေါ့။ ကောင်းလှောင့်တေး။ မုတ္တမတွေကလည်း ဘူမှန်း ကိုးမှန်း မသိ။ ဒီဇင်ဘာ-၃၁ က NCA နောက်ဆုံးရက်မို့ ဇန်-၁ ရောက်တာနဲ့ မင်းကြီးတပ်တွေက သည်းမခံတော့ဘူး ဆိုပဲ။ ခုတော့ သည်းခံလက်စနဲ့ မိုင်းငေါ့၊ တင်းမ ဗျူဟာ ပါသွားပြီ။ လော်ဘီ တွေဆွံ့အ။ အာဏာလု နှစ်ပါတ်လည်ကို ပြန်စောင့်ကြပေါ့။ မင်းငိုင် ခမျာလည်း ဇန် ဒုပါတ်မှာလုပ်မယ့် တတိယ အကြိမ်မြောက် သောက်ရှက်ကွဲပွဲ တက်ဖို့ မျက်နှာကို နွားကျင်ငယ်ရည်နဲ့ ပေါင်းတင်နေသတဲ့။ မာအောင် ပေါ့။ ကမကထ လုပ်တဲ့ တြုပ်ကြီးကလည်း ဒီတပွဲ နောက်ဆုံးပဲမို့ ရအောင်ညှိကြလို့ ဝမ်နင်ပေးထားသတဲ့။ တော်လှန်ရေး အင်အားစု အားလုံးက တသံတည်းညီကြဖို့ ညှိထားပြီးသားလို့လည်း သိရသလို့ မင်းငိုင် အဖို့ မျောက်ယီး သမန်းရှ သလိုဖြစ်နေတာပေါ့။ သို့သော် အာဏာရူးစပ်ဖျဲ နဲ့ ကြွက်ပျင်း ခိုင်းတာကို သူမလွန်ဆန်ရဲ သမို့ ငမိုက်သား သောနုတ္ထိုရ် လို အထုပ်ဆွဲပြီး စိနပြည်ကို ညောင်း။ ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ဖျင်ယားမှု အာမခံမရ ရှာသော မင်းငိုင် ကဏ္ဍ)

 
 

Recent Posts

See All
သတင်း 323

သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...

 
 
သတင်း 322

မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...

 
 
  • Telegram
  • Facebook
bottom of page