top of page
Search

သတင်း 311

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

သမ္မတ၊ ဝန်ကြီးချုပ်၊ ကာချုပ်ပြီးတော့ မိန်းမစိုးချုပ် ဆိုသဟာ ဒီခေတ်မှာ မရှိတော့တာ ခေါဘဏီ အတွက် ကံကောင်းတယ်ဆိုပဲ ဆိုရမယ်။ နို့မို့ ထိုင်းကို အောက်လမ်းကနေ တခေါက်လောက်သွား ဖဖခ လုပ်ပြီး ပြန်လာ၊ မိန်းမစိုးချုပ် ရာထူးကိုပါ သိမ်းမယ့် အထှာရှိတယ်။ သူ့တပ်ထဲမှာလည်း မုဆိုးမတွေ တထောကြီးမို့ မားမားစံ ရာထူးက အော်တိုရပြီးသား။ “မိန်းမဆို ခေါမှ၊ ရာထူးဆို ပေါမှ” ဆိုရိုးက ကြင်စိုးရဲ့ မူပိုင်။ ကမ္ဘာပေါ်မှာ ရာထူး အယူဆုံး အရူးဆုံး ပုဂ္ဂိုလ်ဆိုပြီး ဂင်းနစ် စံချိန်ထဲ ရောက်နိုင်တဲ့ ကြင်စိုး။ သူ့နောက်လိုက်တွေအတွက်တော့ မိုတီတွေပေါ့။ တနေ့တမျိုး မရိုးရအောင် ကြင်စိုးအစွမ်း၊ အံ့မခမ်း မဟုတ်လား။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ စ-စ်ဘုရင် နပိုလီယံ ဘိုနာဘတ်လိုမျိုး ဘိုနာပုကလဲ မဖြစ်နိုင်တာ မရှိဘူးဆိုတာ တကွက်ပြီးတကွက် ထုတ်ပြနေတာလေ။ ဝန်ကြီးချုပ် ဖြစ်ချင်သလား ဖြစ်ပါ့။ ကာချုပ် ဖြစ်ချင်သလား အပရိက။ ဟော သမ္မတ အိပ်မက်လား ပြည့်စေ။ အပြောမဟုတ် အလုပ်နဲ့ သက်သေတွေပြနေတာ။ တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြင်စိုးကျင့်ကြံတယ်။ ဒါဘေမက် အိပ်မက်တွေက စျေးကြီးတယ်။ လွယ်လွယ်နဲ့တော့ ခွေးသေးပန်းတွေ ဘယ်ပွင့်မလဲ။ ပေါင်တချောင်းမြှောက်ပြီး တွေ့သမျှဓါတ်တိုင် ကော့ပန်း တတ်လို့ အခုလို အောင်မြင်တဲ့ဘွ ရောက်ခဲ့တာ။ သမ္မတအိပ်မက် အကောင်အထည်ဖော်ဖို့အတွက် ခရောင်းတောကိုဖြတ်ပြီး မီးပင်လယ်ကူးခဲ့ရတယ်။ ကုတင်ပေါ်မျောနေတဲ့ စွေစောင်းက လက်မှတ်ထမထိုးနိုင်လို့ ပေါင်ချိန်ဇာတ်ကားထဲကလို လက်ဗွေနှိပ်ပြီး သမ္မတရာထူး လွှဲပြောင်းလက်ခံခဲ့ရတဲ့အထိ သူရုန်းကန်ခဲ့ရတယ်။ အကြံပက်စက် ခေါဘဏီလောက်တောင် ဇောက်မနက်တဲ့ ကြင်စိုးများ ဘာမှတ်။ သူ့အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ဆို ရင်ပုံသားရယ်၊ မိုးခိုသားရယ်၊ ဖျင်ဆီဗူးရယ် သူမရွေးဘူး။ သူစိမ်းသူကျက် သူမရွေး၊ အကုန် ခွေးဇာတ်ခင်းပစ်တာ။ များမကြာမီ… ယပ်တောင်ခေါင်းထိုး၊ နို့ဆီဘူး လည်ပင်းဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကြီးမှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ချွေဦးမှာတဲ့။ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများနဲ့ မုတ္တမပါတီများကို ညှိုးငယ်သောစိတ်ထားနှင့်ဖိတ်ကြားအပ်ပါသည် လုပ်ထားသတဲ့။ ကြင်စိုးနာရေး ဘယ်သူတွေ တက်သလဲကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြရအောင်ပါ။ နိုင်ငံတော်အခြေပြ မိန့်ခွန်းတောင် ကြိုပေါက်နေပါပြီ။ နန်းဖို/နန်းမတွေကို အသပြာ ၃ သောင်း၊ အပ်ချလောင်းဆိုပြီး တိုးပေးခဲ့ကြောင်း။ စျေးကွက်စီးပွားရေးစနစ်အစား သမဝါယမစီးပွားရေးစနစ်က ပိုကောင်းကြောင်း။ ဒါကြောင့် အချင်းချင်း သမ ကြဖို့ကို ဝါယမစိုက်ထုတ် စေလိုကြောင်း။ အိုဘားမားလာတုံးက စွန့်ကြဲသွားတဲ့ “တယ်လီပရွမ့်တာ” သုံးပြီး စကြာဝဠာတိုက်တသောင်းကို နားမုဒိန်းကျင့်ဖို့ ပြင်ဆင်နေသတဲ့။ တကယ်ဆို ဂုဏ်ကြီးဂုဏ်ကောင်းလုပ် နိုင်ငံတော်အခြေပြမိန့်ခွန်းဆိုပြီး ဟောင်မနေပါနဲ့လား။ ထွဋ်ကြီးရဲ့ “ဘာမှ မရှိတော့ဘူး” သီချင်းဆိုပြလိုက် ပြီးသာဖဲကို။ ၁၀၂၇ ပထမလှိုင်းတုံးကလဲ ထွဋ်ကြီးရဲ့ “အရှေ့နဲ့အနောက် တောင်နဲ့မြောက်မှာကွယ်၊ အဆိုးများက နေရာတိုင်းဝိုင်း” သီချင်းက ကြင်စိုးအတွက် ကွက်စတိမဟုတ်လား။ အခု ဒုတိယလှိုင်းအတွက်ကတော့... "ဘာမှမရှိတော့ဘူး.... တခုမှမရှိတော့ဘူး” “ဘာမှမရှိတော့ဘူး... တကယ်ကို တခုမှမရှိတော့ဘူး” “ခံစားချက်တွေပျက်စီး... ငါ့မှာ တပ်တွေ မရှိတော့ဘူး... ဝိုးးး ဝုတ်” ဆို ဘယ်လောက်မိုက်သလဲ ကဲ။ ဖောင်ပိတ်သတင်း- နက်ဖန် ကြားဖြတ်အစိုးမရ အဖွဲ့ ဖွဲ့မတဲ့။ ဖောင်ပိတ်အဆစ်- မဲလုံးတော့ ညည အိပ်ခါနီးတိုင်း ကုတင်အောက် ငုံ့ငုံ့ကြည့်နေသတဲ့။ ၉ ကန့်တွေ အရပ်ဝတ်နဲ့ သူ့မယားဗျူဟာကုန်းကို အလံတရာစိုက်ပြီး ဒါ့ပုံရိုက် လိုင်းပေါ်တင်မစိုးလို့တဲ့။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ဘိုနာပု၏ နေဝင်ချိန်နှောင်းနောင်တ - ကဏ္ဍ)

 
 

Recent Posts

See All
သတင်း 323

သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...

 
 
သတင်း 322

မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...

 
 
  • Telegram
  • Facebook
bottom of page