ဘေးအိမ်က ယုတ်ယုတ်အကြောင်း အာရုံတွေထွေပြားနေချိန် ကီယာက သူ့အလုပ်သူလုပ်နေတာ အတော်ခရီးရောက်နေပါ့။ အခုန တင်ပဲ ပန်ဝါကို သိမ်းလိုက်ပြန်ပတဲ့။ အက်ရှေ့မှာ ချီဗွေ၊ ဆော့လော် အပီဆော်ထားပြီးပီ။ အကိုထွင်းကလဲ ဗျာဒိတ်ပေးတော်မူထားတဲ့အတိုင်း ဋင်လဋ်အူးကို တက်ကြိတ်နေလေရဲ့။ တင်နီလာအေးကလဲ ခံလှန်ရေး ၂၃ကို နှာနုဖြတ်ရိုက်ပြီး ရတနာဂီရိပို့လိုက်ပီ။ တချို့ကိစ္စတွေက ခံစားသူစိတ်ကြိုက်တွေ။ ဒီတော်လှန်ရေးကို အတ္တနောမတိတွေနဲ့ ဇွတ်ကျားချဉ်းကပ်ပြီး ရှုံးနေပီ ရှုံးနေပီ ကုန်းအော် နေကြတာ။ Everything has the bright side and the dark side! တချို့တွေက သိပ်မှောင်လွန်းလှတယ်။ ငတို့ ဒီလမ်းကို စလျှောက်ခဲ့တဲ့ Day-1 ကစလို့ ငတို့အင်အား ပြုန်းတီးသွားတာ တခုမှ မရှိသေးဘူး။ အစက ပါခဲ့တဲ့ EROs တွေ အခုထိ နောက်ကြောင်းပြန်လှည့်သွားတာ တဖွဲ့မှ မရှိသေးဘူး။ တာထွက်ကတည်းက ပါလာတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ တဖွဲ့မှ ပဲ့ထွက်သွားတာ မရှိဘဲ ခိုင်ခိုင်ကျည်ကျည် ရှေ့ဆက်နေကြတယ်။ ဤတော်လှန်ရေးသည် အမှန်တရားဖက်တွင် ရှိသောကြောင့် ထပ်တိုးရောက်ရှိလာသူအပေါင်း အားအင်ဖြစ်ပါစေ ဆိုသကဲ့သို့ နောက်တိုး အဖွဲ့တွေပဲ ဝင်လာမစဲ တသဲသဲ ပဲလေ။ ဥပမာ မွန်ပြည်သစ်-AD ။ တလောကပဲ အေဘီက နုကြည်နဲ့ စာနဲ့ပေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ပါမယ်လို့ လက်မှတ်ထထိုးတယ်။ အက်မတိုင်ခင်ကတည်းက အတူနေကြတာ လူတကာသိပေမယ့် အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ပေါင်းဖက်တော့မယ် အကြောင်း၊ ကြေညာ မောင်းခတ်တာလို့ ဆိုရမယ်။ အများသိပ်မသိကြသေးတဲ့ အာပလာဆီယံ ဆွေးနွေးပွဲမှာ RC2S ခေါင်းကိုင်ဖခင်ကိုယ်တိုင် တက်သတဲ့။ အက်ပွဲမှာ RC2S တင်မက ကျန်တဲ့ တော်လှန်ရေးအင်အားစု အားလုံးက ကြင်စိုးကိုချေးမှုန်းကြ လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြသတဲ့။ သာကောကတော့ မျှော်လင့်ထားတော်မူတဲ့အတိုင်း စိတ်ကောက်တော်မူပြီး မကြွရောက်တော်ဘူးတဲ့။ မတက် ပဒက်ပေါ့။ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်ထားသူများအဖို့ မလွမ်းသင့်သလို မလွမ်းလောက်ပါဘူး။ ကိုယ့်ကြမ္မာကို ဖန်တီးမယ်ဆိုပြီး အနောက်မျှော်၊ အရှေ့မျှော်လုပ်နေလို့မှ မရတာပဲဟာကို။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့တာတော့ ပို့ရမှာပေါ့။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ လက်သည်အားကိုးတာထက် ကွကိုယ်ညှစ်ရမှာက အဓိက။ တချို့လက်သည်တွေက သန္ဓေတည်စ ဖက်ဒရယ် ဆိုတာလေးကို သံချွန်မီးဖုတ်ထိုးမယ်ဆိုတဲ့ အကြံဆိုးနဲ့။ မြင်ရသလောက် ကြားရသမျှပြောရရင် ငတို့နွေဦးအင်အားစုအားလုံး တာထွက်ကတည်းက အဲ့လိုင်းကနေ ဖယ်ခွါ၊ သွေဖည်၊ U-Turn ပြန်ကွေ့သွားတာ တဖွဲ့မှ မရှိသေးဘူး။ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတင်မက ကိုးကန့်၊ တအာင်း၊ ဓနု၊ ပလောင်၊ ပအိုဝ်းတွေပါမကျန် တိုးလို့သာ ပါဝင်၊ ဆင်နွှဲနေကြတာ အများသိ။ ဒါတွေက သရုပ်သကန်၊ အဟုတ်အမှန်တွေ။ အပိုမဟုတ်တဲ့ လူတကာသိတဲ့ နဂိုရ်အဟုတ်တွေ။ ဒီလိုပြောလို့ ကိုယ့်ဖက် ပေါင်သေးကြောင်းတွေလဲ ရှိပါ့ဗျား။ အခုထိ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ရှေးကထက် ပိုလို့ ချစ်ကြမယ် ဆိုတာထက်........ လမ်းချင်းတူလို့ လူချင်းတွေ့ကြတာ....... တွေ့တာနဲ့ တွဲသတ်တော့တာပဲ...... ဆိုတာတွေလဲ ဘယ်နည်းမလဲ။ အမယ် အားလုံးကတော့ ပြောသဗျ။ ပြည်သူသာ အဓိက တဲ့။ ကျူးက မှတ်တမ်းတင်ထားသနော်။ ပြည်သူသာ အဓိက ဆိုတဲ့ စကားကို ဘယ်သူက ဘယ်နေရာမှာ ဘယ်တုံးက ဘယ်နှစ်ကြိမ်ပြောခဲ့သလဲဆိုတာ။ နှုတ်ခမ်း ၂လွှာကြားကနေ လျှာအရိုးမရှိတိုင်း နှစ်နှစ်ကာကာ မရှိဘဲ ပြောခဲ့လို့ကတော့ ဘောင်ချာတင်မက အကြေးပါလှန်စုတ်ပစ်ကြစို့။ ခုတော့ ဒါတွေ မပြောသေးပါပု။ မပြောသေးပါပု ဆိုပေမင့် မပြောတော့ဘူးလို့တော့ မဆိုလို။ မဆိုလိုဘူးဆိုပေမင့် ပြောသင့်ရင်တော့ ပြောကြရအောင်နော်။ ဟို ဂျပေါင်ကုကတော့ "မွေးလဲ မွေးခဲတယ်။ မွေးလဲ အဖတ်တင်ခဲတယ်။ အဖတ်တင်လဲ အကျိုးပေးခဲတယ်။ အကျိုးပေးလဲ ခဏပဲ။ ပေးတဲ့အကျိုးကလဲ ဆိုးကျိုး" ဆိုတဲ့ကောင်မို့ အပြတ်သာနှံကြပါစို့လား။ အာရုံမများကြနဲ့ အာရုံများရင် နေ့ဆွမ်းလွတ်တတ်တယ်...... သဘောပါလား။ ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ဒို့လမ်းကို ဒို့ဆက်လျှောက်ကြမယ်- ကဏ္ဍ)
top of page
Recent Posts
See Allသီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ...
25
မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင်...
10
bottom of page